ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၈
ပုဗ္ဗသီရိမြို့နယ် မြို့မကျည်တောင်ကန် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးကြည်မက လွတ်လပ်ရေးနေ့သည် မမေ့သင့်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး လွတ်လပ်ရေးနေအကြောင်းနှင့် လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သည့် စာချုပ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)