နွားထိုးကြီး ဒီဇင်ဘာ ၁၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း၏ အချိန်ကို မိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနှင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက ကျွန်တော်တို့သည် ယခုအခါငွေကြေး ချမ်းသာရေး သူဌေးသူကြွယ်ဖြစ်၍ ငွေပုံကြီးပေါ်ခွထိုင်ဖို့အရေး ဆွေးနွေးနေကြခြင်းဖြစ်၏ အချိန်၏ သဘောသဘာဝများကို လေ့လာပါက အချိန်သည် အဖိုးဖြတ်၍ မရသော အရာဖြစ်၏ အချိန်သည် ရွှေဖြစ်သည်၊ အချိန်သည် အစွမ်းသတ္တိများရှိသည်၊ အချိန်သည် ငွေကိုသာမက အောင်ပွဲများကို ဖန်တီးနိုင်သည်၊ လူ့ဘဝ၌ ကျဆုံးမှုသည် အချိန်ကို ကျနစွာ အသုံးမပြုသော ကြောင့် ဖြစ်သည်၊ အချိန်ကို မလေးစားသောကြောင့် ဖြစ်သည်၊ လူ့လောက လူ့ဘဝတွင် အချိန် သိပ်မရှိပါ၊ အချိန်ကို ငွေနှင့်ဝယ်၍မရ၊ ဘာပစ္စည်းနှင့် မျှလဲ၍ မရဟု စာရေးဆရာ ချစ်စံဝင်း၏ အချိန်ကို မိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနှင့် စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်