မန္တလေး ဒီဇင်ဘာ ၁၉
အခမ်းအနားကျင်းပရာတွင် အစီအစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်တတ်စေရန်၊ အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်မောင်မယ်များ စကားပြောစွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ အောင်မြင်သော အခမ်းအနားမှူးကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း(အခမဲ့) ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ သင်တန်းတွင် အခမ်းအနားမှူး၏ ဝတ်စားဆင်ယဉ်မှု၊ ကိုယ်နေဟန်ထား၊ လေယူလေသိမ်း အစရှိသည့်အချက်များ၊ အခမ်းအနားမှူးကောင်းတစ်ယောက် ဆောင်ရွက်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များ၊ သိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၂)ရက်တာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ(၂၆)ဦး တက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)