သတင်းများ

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Dec 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက်ကျေးရွာမှ ရန်ကုန်-မန္တလေးဆက်သွယ်သောလမ်းအား ကြည့်ရှုစစ်ဆေး
Dec 20,2023
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက် ကျေးရွာမှ ရန်ကုန်-မန္တလေးဆက်သွယ်သောလမ်းအား ကြည့်ရှုစစ်ဆေးကာ ချောင်းကောက်ကျေးရွာ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း (အခမဲ့) ဆင်းပွဲကျင်းပ
Dec 20,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။
မိုင်းယောင်း၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး
Dec 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးပွဲကို ယမန်နေ့က အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ
Dec 20,2023
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြေပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေးကို အခြေခံ၍ လယ်ယာထုတ်ကုန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို ဦးစားပေးပြီး နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူးမြို့၌ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ပြီး လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကြီး အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့အဖြစ် ယမန်နေ့ညပိုင်းက အနယ်နယ်အရပ်မှ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Dec 20,2023
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာ၊ ဓမ္မာရုံ၌ ကျင်းပသည်။