ကြံခင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ကြံခင်း ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးပေါ့ဆမှုမရှိစေရေး၊ မီးလောင်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာကို ယနေ့နေ့လည်(၁၂)နာရီအချိန်က လမ်းမတော်လမ်းမကြီးနှင့် ရွှေတောင်စုမြို့ဝင်ကားလမ်းဘေးရှိ လူစည်ကားသောနေရာတွင် စိုက်ထူကြသည်။

ထိုသို့အသိပညာပေး ပိုစတာစိုက်ထူခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး"လူခိုးမပြောင်၊ မီးကြောင့်ပြောင်၊ အမောင်အဓိမီးသတိ"နှင့် "မိသားစုတိုင်းပျော်ရွှင်ဖို့ မီးဘေးအန္တရာယ်ကာကွယ်စို့" ဆောင်ပုဒ်ပါအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူကြကြောင်းနှင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုလျော့နည်းပပျောက်စေရန် မီးဘေးလုံခြုံရေးအတွက်လမ်းများ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ မြို့နယ်အတွင်းနေ့စဉ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)