ငပုတော ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဌာနတွင်း မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူငြိမ်းသတ်နိုင်ရေးအတွက် ငပုတောမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူုးရေးလုပ်ငန်းရုံးတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သရုပ်ပြလေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များက မီးသေးဆေးဘူးဖြင့် မီးငြိမ်းသတ်မှု နည်းလမ်းများအား သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက လက်တွေ့ကျကျ လေ့ကျင့်ငြှိမ်းသတ်ခဲ့ကြကြောင်းနှင့် ယခုရက်ပိုင်းအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်တွင်း မီးဘေးလုံခြုံရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ လူငယ်သင်တန်းကျောင်းများသို့ကွင်းဆင်း၍ မီးဘေးလုံခြုံရေး အသိပညာများ မျှဝေဆောင်ရွက်မှုတို့နှင့်အတူ မီးငြှိမ်းသတ်မှုနည်းလမ်းများကိုလည်း သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)