သံဖြူဇရပ် ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) ဖွင့်ပွဲများ ပြုလုပ်နိုင်ရေးကို မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပြိုင်ပွဲများပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အဖွဲ့အဖွဲ့ဝင် ဦးအောင်သန်းက ကျိုက္ခမီမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြ ဆွေးနွေးရာ တာဝန်ရှိသူမှ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)