ကာလိမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးနေ့ရရှိခဲ့ပုံများကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသ စာအုပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)