အုတ်ဖို ဒီဇင်ဘာ ၂၁
ကျန်းမာတက်ကြွသော လူကြီးဘဝကို ဖြတ်သန်းနိုင်စေရန် ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း ဦးဆောင်မှုဖြင့် အေးမြသာယာတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာသီရိရွှေစင်လှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၂၁)ဦးအား စစ်ဆေးကုသပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါစစ်ဆေးကုသမှုကို လစဉ်(၂၁)ရက်နေ့တိုင်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)