ကျေးသီး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျေးသီးမြို့နယ် Community Centre ခန်းမ၌ စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးဝင်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားကာ ဘာပဲလုပ်လုပ် ခြေတစ်လှမ်းဖြင့် စတင်သင့်ကြောင်း၊ အောင်မြင်မှုအတွက် စွန့်စားသင့်ကြောင်း၊ စာပေချစ်မြတ်နိုးသူ Book club အဖွဲ့ဝင် များကလည်း စာရေးဆရာမ ခင်စောတင့်၏ စာအုပ်ထဲမှ မိမိတို့ဖတ်ရှုလေ့လာထားသော စာစုများထဲမှ စာဖတ်ခြင်းသည် ခွန်အားဖြစ်စေကြောင်း၊ စိတ်စွမ်းအားကိုပေးနိုင်ကြောင်းမသန်စွမ်းသောလူငယ် တစ်ယောက်ဟာ စာပေတွေကို့လေ့လာမှတ်သားရာမှ စာပေတွေကို ကောင်းစွာဖတ်တတ်လာပြီး နောင်တစ်ချိန်လူရည်ချွန်တစ်ယောက်ဖြစ်လာနိုင်ကြောင်း၊ အချိန်ကိုတန်ဖိုးထားမှသာလျှင် အရာရာအဆင်ပြေနိုင်ကြောင်း၊ ပြဿနာ တစ်စုံတစ်ခုကို ဒေါသတစ်ကြီးမဆုံးဖြတ်သင့်ကြောင်း၊ အချိန်ယူ စဉ်းစားပြီးမှ အမှားအမှန်ကို သိမည်ဖြစ်ကြောင်း စသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်သူများစုပေါင်း၍ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)