ဘီးလင်း ဒီဇင်ဘာ ၂၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် အ-ထ-က (နှင်းပုလဲ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြ ဆရာမဒေါ်မေဦးခင်က လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများနှင့် လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)