ညောင်ဦးမြို့နယ်၌ ပလတ်စတစ်အစားထိုးအိတ်များနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်ဦး  ဇွန် 

၂၀၂၅ ခုနှစ်၊ ဇွန်လ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်လမ်းဆုံများတွင် ပလတ်စတစ် အစားထိုးအိတ်များ၊ ပလတ်စတစ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်လေဆိပ်လမ်းဆုံ၊ မဏိစည်သူဈေးလမ်းဆုံ၊ ဘုရားနီလမ်းဆုံ နေရာများတွင် ပလတ်စတစ်သုံးစွဲမှုအဆုံးသတ်ရေး ပြည်သူအားလုံးပါဝင်ရေး ပညာပေးလက်ကမ်းစာစောင်များ၊ ပလတ်စတစ်အစားထိုးအိတ်များအား ဈေးရောင်း ဈေးဝယ်များ၊ လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။အဆိုပါ ပလတ်စတစ် အစားထိုးအိတ်များနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး လက်ကမ်းစာစောင်များအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပညာပေး လက်ကမ်းစာစောင်များ၊ ပလတ်စတစ်အစား ထိုးအိတ်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း