ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၅ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

 

ကျိုက်ထို  ဇွန်  ၅

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ်(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၈နာရီတွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံ‌စောလှိုင်က အမှာစကားပြောကြားပြီး နယ်မြေခံ ဒုတပ်မမှူးဗိုလ်မှူးကြီးစိန်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြိုန့ယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်တို့က  စိုက်ပျိုးမည့်ပျိုးပင်များကို ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ ထံပေးအပ်ခဲ့သည်။

ထို့နောက် နယ်မြေခံ ဒုတပ်မမှူးဗိုလ်မှူးကြီး စိန်မင်းထွန်း၊ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံ‌စောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများနှင့်ဝန်ထမ်းများ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၉၅၄)ဦးတို့က ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကိုတပျော်တပါး စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးခဲ့သည့်ပျိုးပင်များမှာ ကျွန်း (၅၀)ပင်၊ပျဉ်းကတိုး(၅၀)ပင်၊သင်္ကန်း(၁၅)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ပျဉ်းမ(၁၀)ပင်၊ဖန်ခါး (၅) ပင်၊ယမနေ(၅)ပင်၊စိန်ပန်း(၅)ပင်၊ကံ့ကော် (၅) ပင်၊သစ်တို(၅)ပင်၊မန်ဂျန်ရှား(၇၅၀)ပင် စုစုပေါင်းပျိုးပင် (၁၀၀၀)ပင်ကိုစိုက်ပျိုးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)