ပခုက္ကူ ဇွန် ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်အဆင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာကြည့်တိုက်သည် ဌာန၏ပြရုပ်တစ်ခုဖြစ်ရာ စာကြည့်တိုက်လုပ်ငန်း ရှေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ပရိသတ်များ စိတ်ဝင်စားမှုရရှိစေရေး ဆွဲဆောင်မှုကောင်းသောဝန်ဆောင်မှုများ ပြုလုပ်တတ်စေရန်၊ စာအုပ်စာစောင်များ အလွယ်တကူ ရှာဖွေငှားရမ်းဖတ်ရှုနိုင်စေရေးအကောင်အထည်ဖော်ဆောင်ရွက်သည့် Digital Library Management System (DLMS) လုပ်ငန်းများ နားလည်ကျွမ်းကျင်တတ်မြောက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာကြည့်တိုက်သမိုင်းကြောင်း၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး၊ မျိုးတူစုလုပ်ငန်း၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာကြည့်တိုက်ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေး၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင် (တွဲဖက်) က စာအုပ်များစစ်ဆေးခြင်းနှင့် စာအုပ်စာပေများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ (စာကြည့်တိုက်မှူး) က ကတ်တလောက်လုပ်ငန်း၊ Digital Library Management System (DLMS) ရေးသွင်းခြင်းလုပ်ငန်းစသည့် ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို ၂၀၂၅ခုနှစ် ဇွန်လ ၅ ရက်မှ ၆ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)