ပြည်ကြီးတံခွန် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံတော်မှ ချီးမြှင့်သည့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အသီးသီးသို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာကြသည့် ပြည်သူအိမ်ထောင်စု (၃၉၆)စု၊ လူဦးရေ (၁၂၄၀) ဦးအတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် (၁) ဦးလျှင် (၁) လအတွက် ငွေကျပ် (၂၀၀၀ဝိ/-) နှုန်းဖြင့် (၂/၂၀၂၅) လနှင့် (၃/၂၀၂၅) လတို့အတွက် ချီးမြှင့်ငွေစုစုပေါင်း (၄၉၆၀၀၀၀၀ဝိ/-) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပြည်ကြီးတံခွန်မြို့နယ် (၁၈)ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)