သတင်းများ

မိုးနဲမြို့၌ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်း ကွင်းဆင်းဆောင်ရွက်
May 11,2026
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(လွိုင်လင်)မှ အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံချက်အရ ပြည်သူများအတွက်အဓိကျသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၉ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ်(OSS)ရုံးတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိပညာပေးပွဲအခမ်းအနားကျင်းပ
May 11,2026
ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သက်ကြီးရွယ်အိုသက်သေခံကတ်ပြားထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး‌ဇော်လွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္ဒာအေးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ ကျင်းပ
May 11,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပသည်။
တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)တွင် ၂ နှစ်တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ဒေသသို့ပြန်လည်ရောက်ရှိလာသူများအား မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ
May 11,2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)တွင် ၂ နှစ်တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ဒေသသို့ပြန်လည်ရောက်ရှိလာသူ ရှစ်ဦးအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံကို မေ ၉ ရက် နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့တွင် နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် စာအုပ်များအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်း‌ဆောင်ရွက်သည်။
မြစ်သားမြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် နွေသီးနှံ (စပါး၊ နှမ်း၊ ပဲတီစီမ်း၊ ဝါ) စိုက်ပျိုးတောင်သူများအား ကွင်းသရုပ်ပြပွဲ ကျင်းပ
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မေ ၁၀ ရက် နံနက် ၈ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိနွေသီးနှံ (စပါး၊ နှမ်း၊ ပဲတီစီမ်း၊ ဝါ ) စိုက်ပျိုးတောင်သူများအား လက်တွေ့ကွင်းသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 11,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ "စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ဆေးဝါးရောင်းချမှုလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ" ကို ယနေ့ နံနက် ၈ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။