သတင်းများ

မင်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဗွီဒီယိုတည်းဖြတ်သင်တန်းဖွင့်လှစ်
Dec 24,2024
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံးရှိ အရာရှိ၊ အရာထမ်းဝန်ထမ်းများအားလုံး ဓါတ်ပုံသတင်းများရိုက်ကူးပြီး ဗွီဒီယိုသတင်းများကိုပါ ရိုက်ကူးတည်းဖြတ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး(Community Centre)ခန်းတွင် ဖွင့်လှစ်ပြသပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Dec 24,2024
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ တိုင်းဒေသကြီးရုံးရှိ သင်တန်းကျောင်းတွင် ပြုလုပ်သည်။
မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟိုတယ်၊ မိုတယ်နှင့် ဝါကြိတ်စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပွင့်လင်းရာသီရောက်လာသည် နှင့်အမျှ မီးဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် ဝါကြိတ်စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း
Dec 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းဦးရာသီကာလရောက်ပြီဖြစ်၍ မိသားစု အပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်လံစစ်ဆေး
Dec 24,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မန်းမြို့ဈေးအား မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်တာဆီးရေးအတွက် ဈေးဆိုင်ခန်းများရှိ ပစ္စည်းသိုလှောင်ထားရှိမှု၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှု အစရှိသည်တို့ကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ဒီဇင်ဘာ (၂၁)ရက်နေ့က လိုက်လံစစ်ဆေးခဲ့သည်။
အမျိုးသားအားကစားပွဲတော်ကြီးတွင် နေပြည်တော်ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ လယ်ဝေးမြို့နယ်အတွင်းအောင်ပွဲခံ
Dec 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီး၌ နေပြည်တော်ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် လှည့်လည်အောင်ပွဲခံလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက လယ်ဝေးမြို့သို့ လာရောက်၍ အောင်ပွဲခံခဲ့သည်။