ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရ ကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေး
Dec 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည့်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ကျန်းမာရေးမှူး ဒေါက်တာခင်မာလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်။