မိုင်းကိုင်မြို့နယ်၌ အခမ်းအနားမှူးဆောင်ရွက်ပုံ သင်တန်းဖွင့်လှစ်
Dec 23,2024
လူငယ်များ စကားပြောစွမ်းရည်မြှင့်မားတိုးတက်လာစေရန်၊ အောင်မြင်သော အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ ၂၁ နေ့ မနက်ပိုင်းက မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူထုရှေ့စကားပြောနည်းနှင့် အခမ်းအနားမှူးဆောင်ရွက်ပုံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် စိတ်ဝင်စားသူ လူငယ်လူရွယ်များတက်ရောက်ခဲ့ကြသည်။