တောင်တွင်းကြီး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပွင့်လင်းရာသီရောက်လာသည် နှင့်အမျှ မီးဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် ဝါကြိတ်စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး၊ ဒုမီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲဝင်များသည် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ ဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မီးလောင်လွယ်သည့် ဝါဂွမ်း သိုလှောင်ရုံများတွင် ဆေးလိပ်သောက်သုံးခြင်းမပြုရန်နှင့် နေအပူရှိန်ကြောင့် မီးလောင်မှုဖြစ်စေနိုင်သည့် ပစ္စည်းများ ထားရှိခြင်း မပြုရန်၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ ဟိုတယ်၊ မိုတယ်များရှိ မီးဖိုချောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး မီးဖိုချောင်သုံးပစ္စည်းများ၊ ကား၊ ဆိုင်ကယ်သုံးစက်ပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှု များနှင့် မီးလောင်စဉ် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုပုံတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)