သတင်းများ

လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များအား တတိယအကြိမ်မြောက် ချီးမြှင့်ငွေများ ပေးအပ်
Dec 28,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များအား တတိယအကြိမ်မြောက် ချီးမြှင့်ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
သထုံမြို့နယ်၌ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပ
Dec 28,2024
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကာ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ နတ်စင်လမ်းရှိ ရန်အောင်မြင်ကျောင်းတိုက်၊ လမ္မတော်ကျောင်းတိုင်လုံးကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဥပ္ပါတသန္တိ ပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် စက်ချုပ်သင်တန်းဆင်းပွဲတက်ရောက်
Dec 28,2024
ဥပ္ပါတသန္တိ ပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဦးဌေးလှိုင် အင်းစိန်ခရိုင်ဦးစီးမှူးရုံးရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Dec 28,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး အင်းစိန်မြို့နယ်ဦးစီးမှူးရုံး၌ e-ID စနစ်ဖြင့် Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြဝတီမြို့ အ.ထ.ကခွဲ (အောင်မြေရွှေဘုံ)၌ ကျောင်းသားလူငယ်များ စာရိတ္ထပညာတိုးပွားရရှိစေရေး လူငယ်စကားဝိုင်းကျင်းပ
Dec 28,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ်ဉာဏ်စာရိတ္ထပညာ တိုးပွားရရှိစေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပသည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း​၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ယမန်နေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၂၈)အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 28,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂၈)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်
Dec 28,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိရာ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။