သတင်းများ

လှိုင်းဘွဲမြို့နယ်၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Dec 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီမဟာမင်္ဂလဇောတိက ဦးစောမြင့်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Dec 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ ပြည်လုံးချမ်းသာမုန်းစက်တော်ရာစေတီတော်မြတ်ကြီးတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ရစ်ကန်လေးကျေးရွာအ.ထ.က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ ရစ်ကန်လေးကျောင်း၌ ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြို့မစျေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့နံနက် ၈ နာရီအချိန်က စျေးသူ၊ စျေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာ ပေးဟောပြောပွဲဆောင်ရွက်
Dec 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်
Dec 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများအား ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက်(၁၀)နာရီ အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။
ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 27,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့က အ.ထ.က(ကျောက်တံခါး)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainabel Development Goals – SDGs )အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Dec 27,2024
စဉ်ဆက်မပြတ်ပန်းတိုင်များ ( Sustainabel Development Goals – SDGs ) အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။