သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း၌ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပသော အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Dec 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားပေါ်ပေါက်လာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ဌာနဆိုင်ရာရုံးများ နှင့်ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ /မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Dec 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကလောမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုး ဆင်းပွဲတက်ရောက်
Dec 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ Hill Top Villa Hotel ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက  ရှမ်းပြည်နယ်အစိုးရ၏ ပံ့ပိုးလမ်းညွှန်မှုဖြင့်ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်း(၃)မျိုးဖြစ်သည့် ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်‌တော်များ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားစေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Dec 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းသားစေလွှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း‌ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
နေပြည်တော်ကောင်စီ၀င် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာနှင့် ဇလောင်း (မြောက်) ကျေးရွာစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရာက်
Dec 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ”စာကြည့်တိုက်နှင့်ဇလောင်း‌(မြောက်)ကျေးရွာ “ဉာဏသုခစာကြည့်တိုက်” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်
Dec 28,2024
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ကလောမြို့၌ ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယအကြိမ် ချီးမြှင့်ငွေပေးအပ်
Dec 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (ဒုတိယ)အကြိမ် ချီးမြှင့်‌ငွေပေးအပ်ခြင်းအခမ်းအနားကို  ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၃၄၃)ဦးတို့ တက်ရောက်ခဲ့ကြသည်။