သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဖျော်ဖြေပွဲ တင်ဆက်နေမှု ကြည့်ရှုအားပေး
Dec 28,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု (အဖွဲ့ငယ်)မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား မိသားစုဝင်များအား ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
​ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၈)ဧက လျာထား စိုက်ပျိုးထားရှိ
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုးပြီး ဆောင်းနေကြာ (၇၁၆၈) ဧက လျာထားစိုက်ပျိုးခဲ့ရာ သီးသန့်စိုက်ပျိုးမှု (၅၇၀)ဧက၊ မြေပဲ၊မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှု (၆၅၉၈)ဧ​က၊စိုက်ပျိုးထားခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးထားနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာရှိ စီးပွားဖြစ်ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Dec 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံáတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်သူအချို့အနေဖြင့် ကြံသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ကျည်တောင်ကန်ကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးဇော်မင်းထံမှ သိရသည်။
လွိုင်လင်မြို့တွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုကြည့်ရှုစစ်ဆေး
Dec 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု ကွင်းအမှတ်(ကွင်းပြင်ပ) ဦးပိုင်အမှတ် (N-1) တောင်သူ ဦးစိုင်းဝမ်း၏  ဧရိယာ (၁.၀၀) ဧကရှိ ယာမြေပေါ်တွင် မိုးသီးနှံအစေ့ထုတ်ပြောင်း စိုက်ပျိုးရိတ်သိမ်းပြီး ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-၂) သီးထပ် စိုက်ပျိုးအောင်မြင်နေမှုကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်း‌‌ဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
မြောင်းမြမြို့တွင် ပထမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ပထမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲတစ်ရပ် ပြုလုပ်
Dec 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲတစ်ရပ်ကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် အဋ္ဌမအကြိမ်မြောက် အပတ်စဉ် (၂၇) သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲသို့ တက်ရောက်
Dec 28,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၏ အဋ္ဌမ အကြိမ်မြောက် အပတ်စဉ်(၂၇) သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်အားပေးသည်။
မိုင်းယုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “ဘဝသစ်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 28,2024
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “ဘဝသစ်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။