မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် လျှောက်လွှာတင်သွင်းသည့် ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးရှိ

မက်မန်း မတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း (၂၁)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်းသာရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း (၂၁)ဦးရှိပြီး ဖြေဆိုသူများအားလုံး မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲစင်တာတစ်ခုတည်း၌ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)