အမရပူရ ဇူလိုင် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒီမိုကရေစီစနစ်၏အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်တာဝန်ရှိသူများအကြားဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို အများပြည်သူများအကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြည်သူ့စကားဝိုင်း(Public Talk)အခမ်းအနားကို အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိပို က်ကျော်ခြင်းအားကစားခန်းမ၌ ဇူလိုင်၁၈ရက်နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းဦးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးက ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့စကားဝိုင်း (Public Talk)ကျင်းပဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးဇော်အောင်ထက်၊ တိုင်းဒေသကြီးလွှ တ်တော်ကိုယ်စားလှယ်(၂) ဒေါ်စောမြိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးလှိုင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးမျိုးဇော်ဝင်း၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူဇာမြင့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်ပပအေး၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဦးစီးမှူး ဒေါ်ဝေမာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှူး ဒေါ်နန်းခိုင်သဉ္ဇာနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဇော်ဇော်အောင်တို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသောပြည်သူများက မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
လဲ့လဲ့ခိုင်-အမရပူရ