ညောင်ဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရွှေဂူမိဘမဲ့အခြေခံပညာမူလတန်းလွန်ကျောင်းတို့ပူးပေါင်း၍ ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရွှေဂူမိဘမဲ့ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိန္ဒ (မဟာသဒ္ဓမ္မဇောတိကဓဇ) က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်တို့က လူငယ်နှင့်မူးယစ်ဆေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဒီပါလင်း