ကလော မေ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မှု နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများအား နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကလောမြို့နယ် ဦစီးမှူးရုံးသို့ မေလ ၁၄ ရက်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ပေးမှုအခြေအနေအား ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့မှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)