ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်များပြုလုပ်

ကလိန်အောင် မေလ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က လူငယ်တွေအတွက် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါးဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)