ကလော မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီ၊ တာဝန်ခံနှင့်ဈေးသည်များ ပူးပေါင်း၍ ယမေန်နေ့နံနက် (၁၀)နာရီခွဲက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သာယာဈေး၌ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းမှူး ဦးအာကာငြိမ်းက ဈေးသည်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စေရန်အတွက် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ မီးချိတ်မီးကတ်များ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းခြင်း၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့ပြသကာ မီးသတ်ကားဖြင့် မီးငြိမ်းသတ်မှုသရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)