ကလောမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၅၀၀၀၀ ပင်ပျိုးထောင်ထားရှိ

ကလော မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့် ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကလောမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၅၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

ကလောမြို့နယ် အင်းပြင်ပျိုးဥယျာဉ်နှင့် ဟဲဟိုးပျိုးဥယျာဉ်တို့တွင် ပျိုးထောင်ထားရှိသည့်ဒေသနှင့်ကိုက်ညီသည့် ထင်းရှူး ၆၃၀၀ ပင်၊ စိန်ပန်းပြာ ၁၁၆၀၀ ပင်၊စိန်ပန်းနီ ၁၇၀၀ ပင်၊ ခါတော်မီ ၁၀၈၀၀ ပင်၊ ချယ်ရီ ၆၀၁၀ ပင်၊ယူကလစ် ၁၂၅၀၀ ပင်၊မဟော်ဂနီ ၁၀၉၀ ပင်စုစုပေါင်း ပျိုးပင်ပေါင်း ၅၀၀၀၀ ပျိုးထောင်ထားရှိပြီး ၂၀၂၆ ခုနှစ် ဇွန်လတွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)