လေရှီး မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် လူရည်ချွန်အပန်းဖြေစခန်းမှပြန်လာသော လေရှီးမြို့ကိုယ်စားပြုဗဟိုအဆင့် လူရည်ချွန် Grade- 11 (A)မှ မောင်ရှူသောမူ နှင့် မအေးငြိမ့်ငြိမ့်စံတို့အား ယနေ့မွန်းလွဲ (၃) နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံးအရှေ့တွင် လေရှီးမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ဆန်းစစ်ရှီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွယ်သီးချယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများက ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လေရှီးမြို့နယ်ကိုယ်စားပြုဗဟိုအဆင့် Grade-9 မှ မောင်ရှူသော မူနှင့် မအေးငြိမ့်ငြိမ့်စံတို့(၂)ဦး လူရည်ချွန်ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)