ကိုကိုးကျွန်း ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထွန်းထွန်းဇော်မှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် လူငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များလိုက်နာကျင့်သုံးရမည့်အကြောင်းအရာများ၊ လူငယ်များ၏အခွင့်အရေးဆိုင်ရာအကြောင်းအရာများကို လူငယ်များအသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် လူငယ်များအသိပညာ၊ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှပြသထားသော စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်များကိုတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့်လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)