သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သံဃာ့ဒါနအာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်

သာပေါင်း ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၃) ရက်နေ့နံနက် ၄ နာရီအချိန်မှစတင်၍ မြို့နယ်‌မီးသတ်ဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြကြောင်း သိရသည်။
ထိုသို့ အာရုဏ်ဆွမ်းပတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော် အပါး (၁၄၂) ပါးတို့ကို ပင့်ဖိတ်၍ မြို့နယ်‌ မီးသတ်ဦးစီးဌာနရုံးဝန်း‌ရှေ့၌ မြို့နယ်‌မီးသတ်ဦးစီးဌာန၊ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့်ဝန်ထမ်းမိသားစု အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော၍ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေဝမ်းမြောက်ဝမ်းသာ သာဓု (၃)ကြိမ်ခေါ်ဆိုကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး