ကလေးမြို့၌ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲကို ဆုချီးမြှင့်ပွဲကျင်းပ

ကလေး ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ကလေးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲကို စတင်ခဲ့သည်။ ထို့နောက်  ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲဝင် အဖွဲ့(၃)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အသီးသီးကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကလေးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကလေးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ မူကြိုကျောင်းသို့သွားရောက်၍ (၅)နှစ်အောက် ကလေး(၂၀)ဦးအား မနက်စာထမင်းနှင့် နေ့လယ်စာအာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)