ကိုကိုးကျွန်း ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုကိုးကျွန်းမူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်လေးများ၏မိဘများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျန်းမာရေးအသိပညာပေးပြုလုပ်ရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခြင်းမှဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ကလေးငယ်များအား နေ့ခင်းဘက်အိပ်ချိန်များတွင်ခြင်ထောင်ဖြင့်အိပ်သင့်ကြောင်း၊ ကလေးငယ်များဖျားခြင်း၊ မှိန်းခြင်း၊ ခြေလက်အေးခြင်းနှင့်အနီစက်များတွေ့ရှိပါက အခြားသောဆေးမှီးတိုများတိုက်ခြင်းအားအသုံးမပြုဘဲ ဆေးရုံဆေးခန်းသို့ပြသရန်လိုကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် ရေကိုကျိုချက် ၍သောက်သုံးသင့်ကြောင်း၊ ဝမ်းသွားလျှင်ဓာတ်ဆားရေသောက်ဖို့လိုကြောင်း၊ ဓာတ်ဆားမရှိပါက သကြားတစ်ဇွန်း၊ ဆားတစ်ဇွန်းရော၍ ဓာတ်ဆားပြုလုပ်နိုင်ကြောင်း မြို့နယ်ဆရာဝန်ဒေါက်တာသုတအောင်မှ ဆွေးနွေးဟောပြောခဲ့ သည်။
ထို့နောက် တက်ရောက်လာသောကျောင်းသားမိဘများမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသုတအောင်မှ ပြန်လည်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)