သတင်းများ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 17,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရိခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 17,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက်နေ့က ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Aug 16,2025
ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် အောင်နိုင်တိုးမိုစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Aug 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ရက် ၁၂၀ အောင်နိုင်တိုးမိုးစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Aug 16,2025
မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Aug 16,2025
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက် အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မိုင်းယန်းမြို့နယ်အစ၊ မိုင်းခတ်မြို့နယ်အဆုံး နယ်စပ်ရှိ တောင်စောင်းမြေကွက်လပ်တွင် ကျင်းပသည်။