သတင်းများ

နတ်မောက်မြို့၌ တတိယအပတ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဆောင်ရွက်
Aug 18,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူးဆရာဝန်ကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တတိယအပတ်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 18,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အ.ထ.က(မုတ္တမ)ကျောင်း၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဦးမြင့်အောင်နှင့် သထုံခရိုင် ဥပဒေအရာရှိနှင့် မြို့နယ်ဥပ‌ဒေအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ
Aug 18,2025
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ဩဂုတ် ၁၆ ရက်နေ့က ဖြူဘကျေးရွာ၊ ဖြူဘ-သဲကုန်းလမ်းပေါ်ရှိ ရင်းငြိမ်ချောင်းကူးတံတား၌ ကျင်းပခဲ့ရာ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းမင်း၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာရေးချီးမြှင့်ငွေပေးအပ်ပွဲကို  သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဝတီဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယဦးစီးဌာနဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ပညာရေးသမဝါယမအသင်းဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်အုပ်ချုပ်မှုဒါရိုက်တာဦးအောင်သန်း(ထက်/ပြငြိမ်း)နှင့်ဒေါ်မြင့်မြင့်စန်း (လယ်/ပြ)တို့က ဆောင်ရွက်ခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(ပြည်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
Aug 18,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်(ပြည်)၌ ဩဂုတ် ၁၆ ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြသည်။
မုံရွာမြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Aug 18,2025
မုံရွာမြို့ပေါ်အတွင်း လမ်းအသုံးပြုသူပြည်သူများအတွက် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ကန်သာယာ၊ ရာပြည့်ကပ်ကျော်ဘုရားရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်
Aug 18,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။