သတင်းများ

မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး
Aug 18,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင်  ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ
Aug 18,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကို  သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) တွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က  ကျောင်းသားကျောင်းသူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်တက်စေရန်၊ ကာယ၊ ဉာဏအား နှစ်ဖြာပြည့်စေရန်၊ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာဆက်ဆံတက်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နိမ်နင်းရေး ​ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ဒေသခံပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်
Aug 18,2025
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၃)၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံတွင် လက်တွေ့ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့၌ပလတ်စတစ်အိတ်သုံးစွဲမှုလျော့နည်းစေရေးနှင့်အစားထိုးသုံးစွဲရေး အသိပညာပေး 
Aug 18,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၇နာရီက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ပြုလုပ်သည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်အားကစားခန်းမတွင် ၂၀၂၅ ခုနှစ်၊ အသက်(၂၅)နှစ် အောက်(၂၈)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံအမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်
Aug 18,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ကိုင်ကွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအက သရက်ချောင်းမြို့(အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။