သတင်းများ

ပွင့်ဖြူမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်လူစည်ကားရာဈေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စာသင်ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆောင်ရွက်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်က အ.ထ.က အိုးသည်ကုန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး
Aug 18,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား လူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်ပိုင်းက ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်၌ အခြေခံသမဝါယမအသင်းသားများ၏ မိုးကြိုဝါစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိ
Aug 18,2025
ဝမ်းတွင်းမြို့နယ် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းရှိ အသင်းသားများစိုက်ပျိုးထားသော မိုးကြိုဝါ(၃၉)ဧကရှိပြီး ခူးဆွတ်ပြီးစီးမှုမှာ ယခုအချိန်ထိ (၁)ဧကလျှင်(၆၃၀)ပိဿာခန့်ထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းရရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း သရုပ်ပြပွဲ ပြုလုပ်
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပပြုလုပ်သည်။
မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း‌ဖွင့်လှစ်
Aug 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်
Aug 18,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းရုံး၌ ကျင်းပခဲ့သည်။
အမရပူရမြို့နယ်၌ ငှက်ပျောနှင့်ဗေဒါအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်
Aug 18,2025
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တို့ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်ပွဲကို အဆိုပါ ကျောင်း၌ ယနေ့နံနက် ၉ နာရီက  ကျင်းပသည်။