ဒဂုံ(မြောက်) ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းအား အခြေခံပညာအထက်တန်းကျောင်းသူလူငယ်များ အိမ်တွင်းမှုအတတ်ပညာများတတ်မြောက်စေရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်မွေးပညာ သင်ကျောင်း(ဘောင်ထရီ)ရန်ကုန်မှနည်းပြဆရာမဒေါ်ညိုညိုစိမ့်က အင်္ကျီကိုယ်တိုင်းတွက်ချက်နည်း၊ ပိတ်ညှပ်နည်းများကိုလက်တွေ့သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကို သင်တန်းသူ(၂၀)ဖြင့် တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)