ပင်လုံမြို့၌ စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်

ပင်လုံ ဩဂုတ် ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်ဦးစီးမှူးဦးရာဇာက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေက စက်ချုပ်သင်တန်းအထောက်အကူပြုပစ္စည်းများကို သင်တန်းသူများအားပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ စက်ချုပ်သင်တန်းသို့ ပင်လုံမြို့ပေါ်မှ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး