စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာ သင်တန်းဆင်း
Aug 15,2025
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပသည်။