သတင်းများ

မဟာအောင်မြေမြို့နယ်၌  ကလေးအားလုံးကျောင်းအပ်နှံရေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 19,2026
‎မန္တလေးတိုင်းဒေသကြီး မဟာ‌အောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မန်းမြို့ဈေးအနီး ဖြန့်ဝေသည်။
မြန်အောင်မြို့နယ် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားအနီး ကမ်းပြိုကမ်းစား ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားအနီး ကမ်းပြိုကမ်းစားကာကွယ်ရေးအတွက် ယမန်နေ့နံနက်က လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီစည်းဝေး၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက် 
May 19,2026
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပခြင်း၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းနှင့် စတုတ္ထအကြိမ်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပသည်။
ညောင်တုန်းမြို့နယ်၌ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော" လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း "စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်
May 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကျင်းပ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 19,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲက အဆိုပါရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
May 19,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းနေအမွိုးသမီးကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်္ဂလာဈေးနှင့် လူစည်ကားရာ နေရာများ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။