သတင်းများ

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 16,2025
မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အမ.က) လှိုင်မြရှင်ကျောင်းနှင့် (အ.မ.က) စစ်ကိုင်းကျွန်းကျောင်းတို့တွင် ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြာပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တာချီလိတ်မြို့ တာ့ဟွာတရုတ်ဘုံကျောင်းနှင့် စာသင်ကျောင်းအတွက် အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်း
Aug 16,2025
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  H.E Ms. MaJia ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ တာ့ဟွာ တရုတ်ဘုံကျောင်းနှင့် စာသင်ကျောင်းအတွက် အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဩဂုတ်လ ယမန်နေ့နံနက် (၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကျင်းပသော ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားနှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှား‌ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့ အ.လ.က(ခွဲ) မှတ်တိုင်လမ်း၌ ကျင်းပခဲ့သည်။
နန်းယွန်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ နန်းယွန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၊ ဆေးရုံအထောက်အကူပြုကော်မတီ၊ ဆေးပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် MAM အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 16,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိ​ဒေါ်ဝင့်ရည်ဦး၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုသထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Aug 16,2025
သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)ရှေ့၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ဩဂုတ် ၁၅ ရက် မွန်းလွဲ(၁)နာရီအချိန်က မူလွန်(အေဘီအမ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။