ဟင်္သာတ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက နတ်မော်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်မော်) ကျောင်းခန်းမ၌လည်းကောင်း နံနက် ၁၁ နာရီခွဲအချိန်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ငါးဘတ်အင်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (နိဗ္ဗာန်) ရှိ ဦးဖိုးကျားခန်းမတို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဟင်္သာတမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုဦးစီးမှူး ဦးအောင်မင်းဌေးနှင့်ဝန်ထမ်းများ၊ နည်းပြဆရာများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဟင်္သာတမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဟင်္သာတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုဦးစီးမှူး ဦးအောင်မင်းဌေးက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နည်းပြသင်တန်းတက်ရောက်ခဲ့သူများမှ လက်တွေ့စမ်းသပ် မဲပေးခြင်းတို့အား သရုပ်ပြခြင်း၊ နတ်မော်ကျေးရွာအုပ်စုအတွင်းနှင့် နိဗ္ဗာန်ကျေးရွာအုပ်စုတို့ရှိ မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီ လက်ထရောနစ်မဲပေးစက်(MEVM)နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)