သတင်းများ

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃၅)ယာဥ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)အခြေခံပညာာအလယ်တန်းကျောင်း မြတ်သဇင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ မိုးရာသီအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုးရာသီအားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 22,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများအသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အောက်ကျင်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်
Aug 22,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပသည်။
ပြည်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းရောင်းချပေးခြင်း ဆောင်ရွက်
Aug 22,2025
ပဲခူးတိုင်း‌ဒေသကြီး ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်သည်။
ပခုက္ကူမြို့၌ အမှိုက်အမျိုးအစားလေးမျိုးခွဲခြားစွန့်ပစ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စွန့်ပစ်အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာနည်းလမ်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ရွှေဘိုမြို့၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများအား UID နံပါတ် Smart Card များပြုလုပ်ဆောင်ရွက်ပေး 
Aug 22,2025
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအ​​နေဖြင့်  ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ် မှန်၊ မမှန်စိစစ်ကာ တိကျမှန်ကန် မြန်ဆန်​စေ​ရေးအတွက် Centralized e-Persion စနစ် ​ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်များသည် Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ 
ခန္တီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အတွေးအခေါ်မြင့်မားလာစေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၆) ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။