သတင်းများ

သန်လျင်မြို့နယ် သဒ္ဓမ္မဇောတိကာရုံကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Aug 22,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစံလင်းနှင့် သွားဆေးကုဆရာဝန် ဒေါက်တာစိုးထက်တို့ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လက်ယက်စမ်းကျေးရွာ၊ သဒ္ဓမ္မဇောတိကာရုံ(ဘက)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Aug 22,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲ (၁) နာရီက (အ.မ.က) ကန်ဖြူကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ (၄၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Aug 22,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့၌ အငြိမ်းစားပင်စင်စားများအား UID Smart Card များဆောင်ရွက်
Aug 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ကလေးမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား Biometric Data ကောက်ယူ၍  UID Smart Card များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Aug 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ လယ်တီရေကန်၊ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦးနှင့် ပြည်ထောင်စုရင်ပြင်မုခ်ဦးဖွင့်ပွဲ အခမ်းအနားတက်ရောက်
Aug 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါရေကန်ရှိမုခ်ဦးတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ဒီဂရီ/ကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ငပုတောမြို့တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား Unique Identification(UID) ကတ်များဆောင်ရွက်ပေး
Aug 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ သြဂုတ် ၂၁ ရက်နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား UIDcard များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။