ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ဓါတ်မြေသြဇာ စုပေါင်းကြဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဓနုဖြူ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် သြဂုတ်လ ၂၁ ရက်နေ့နံနက်(၁၁)နာရီအချိန်က အုန်းပင်ကွင်းကျေးရွာအုပ်စုရှိ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် ကွင်းအမှတ်(၂၀၁)၊ ဦးပိုင်အမှတ် (၁၉/၂)၊ ၅.၈၇ ဧကတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ၊ ဓါတ်မြေဩဇာကြဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ၊ ဓါတ်မြေဩဇာကြဲပတ်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၅)ရပ်ကွက်၊ ကြေးရုပ်လမ်း ပါဠိတက္ကသိုလ်တောင်ပေါ် ကျောင်းတိုက်အတွင်းရှိ စစ်သူကြီးမဟာဗန္ဓုလ ခံတပ်သို့ရောက်ရှိကာ ခံတပ်၊ မြို့ရိုးတို့အား ကြည့်ရှုလေ့လာခဲ့ပြီး ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့ကြကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်