သတင်းများ

မင်းဘူးမြို့၌ ပလတ်စတစ်အိတ် မသုံးစွဲရရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်
May 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်များ လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်နှင့် ရပ်ကွက်နေပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မင်းဘူးမြို့ မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ စာသင်ကျောင်းများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 26,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ရွှေဘုံသာမူလတန်းကျောင်းနှင့် ရုံးရပ်မူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်း
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီကသပြေတန်းကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ ကွင်းအမှတ်(၆၂၇)၊ တောင်သူဦးတင်ပိုင်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
May 26,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူ (၃၃၀၃၅)ဦး ကျောင်းလာရောက်အပ်နှံပြီးဖြစ်
May 26,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး၌ မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျောင်းသား/သူ (၃၃၀၃၅)ဦး လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံးတို့အား လွှဲပြောင်းလက်ခံ
May 26,2025
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန် တင်ဆောင်လာသော သင်္ဘော MT YU DONG သည် မေလ (၂၃) ရက်နေ့ နံနက် (၂) နာရီ (၃၀) မိနစ်က သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် (၁၆) ကြိမ်မြောက် လှူဒါန်းသည့် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံး တင်ဆောင်လာသော သင်္ဘော MV.Orient Glory သည် မေလ (၂၄) ရက်နေ့ ညနေ (၄) နာရီက သီလဝါ(MITT)ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိခဲ့ကြသည်။
မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 26,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီက မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်းမဘေး၊ မိုင်းဖုန်းဆရာတော်ဘုန်း‌တော်ကြီးကျောင်းဝင်းတွင် ကျင်းပခဲ့သည်။
မုဒုံမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
May 26,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၁ နံနက်ပိုင်းက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။